မုဒုံမြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များလှူဒါန်း

မုဒုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလ အခြေခံအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ယမန်နေ့က မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များကိုထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်အလှူရှင်များ လှူဒါန်းထားသည့် ဆန်အိတ်များကို အခြေခံလူတန်စား အိမ်ထောင်စု ၄၂ စုကိုအိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး အဆိုပါ ဆန်အိတ်များ ပေးဝေးလှူဒါန်းမှုတွင် မေတ္တာ စံအိမ် (Day Care Family) အသင်းမှ တာဝန်ရှိသူများတို့က လိုအပ်သည်များကို ကူညီ ဆောက်ရွက်ပေးခဲ့ကြောင်း၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုပေါင်း ၁၄၉ စုများနှင့် ဘုန်ကြီးကျောင်းစာသင်တိုက်တို့ တွင်လည်း ဆွမ်းဆန်အိတ် ၅၀ အိတ်တို့ကိုပါ သွားရောက် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း မေတ္တာစံအိမ် (Day Care Family) အသင်းမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)