စဉ့်ကိုင် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်း တို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် ရေးဆွေးနွေးပွဲ Talk Show ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်၀င်း၀င်း သန်း မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးအနေဖြင့် ပြည်သူများ၊ လူငယ်၊ လူရွယ်များ သိရှိလိုက်နာစေရန် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်း စာစောင်များ၊ နံရံကပ်စာစောင်ဓာတ်ပုံများ ဖြင့် အသိပညာပေးဆ ဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေ ဦး၀င်းကြည်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မူလစိတ်ကို ပြောင်းလဲစေပြီး မိသားစု ပြဿနာများ ပေါ်ပေါက်နိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးကို သဘာ၀မူးယစ်ဆေးနင့် ဓာတုဗေဒနည်းအရပြန် လည်ပြုပြင် ဖော်စပ်ထား သော ဆေးများရှိသည်။ အပြင်းစားနှင့် အပျော့စားဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး အပျော့စား မူးယစ်ဆေးမှာ ဆေးခြောက် ဖြစ်ပြီး အပြင်းစားမူး ယစ်ဆေးများမှာ ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ စသည်တို့ အပြင်းစား မူးယစ်ဆေးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ကျ ရောဂါ၊ မှတ်ညဏ်ချို့ယွင်းခြင်း၊ ပြင်းထန်စွာ စိုးရမ်ကြောင့်ကြမှုဖြစ်ခြင်း မိမိကိုယ်ကို မိမိသတ်သေခြင်း၊ ရာဇ၀တ်မှု မျိုးစုံ ကျူးလွန် နိုင်ခြင်းတို့ ဖြစ်တတ်သည့် အတွက် မူးယစ်ဆေးဝါးကို တစ်မ္ဘာလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ပြည်သူလူထု အားလုံးကလည်း ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဦးတိုက်ကြည် ကမူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြစ်မှု ပြစ်ဒဏ်များ အနေဖြင့် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဥပဒေများကိုပြဌာန်းခဲ့ပြီး ၁၉၇၄-ခုနှစ် မူးယစ်ထုံထိုင် ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေကို ရုတ်သိမ်းခဲ့သော်လည်းအမိန့် ညွှန်ကြားချက်တွေက ယနေ့အထိ အသက်၀င်ဆဲ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ -၁၆ က နေ ၂၁ ထိ ပြစ်မှုပြစ်ဒဏ်များကို ပြဌာန်းထားခြင်း ဖြစ်ပြီး ၊ ပြစ်မှုကျူးလွန်ပါက အမျိုးအစားပေါ်မှာ မူတည်ပြီး ပြစ်ဒဏ်များချမှတ်နိုင်ကြောင်း၊ အများဆုံး ပြစ်ဒဏ်အနေဖြင် သေဒဏ်၊ တစ်သက်တစ်ကျွန်း၊ နှစ်အသီးသီး ထောင်ဒဏ်နှင့် နောက်ဆုံး လူမှုရေးပြစ်ဒဏ်အထိ ချမှတ်နိုင်ကြောင်း လူ့ဘ၀လူညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးများကို ရှောင်ရှားကြရန် ပြည်သူများ ပူးပေါင်းကာကွယ်တားဆီးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း