ကာလိ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြ သည့် ဒေသခံပြည်သူများ၊ ကေျးရွာနေပြည်သူများ၊ ရဟန်းသံဃာများ၊ ပုဂ္ဂလိကဝန်ထမ်းများတို့အား ရပ်ကွက်အလိုက်၊ ကျေးရွာ အုပ်စုများလိုက်ခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျော်(ကာလိ)