မြေပုံမြို့နယ်၌ အသက် ၆၅ နှစ်နှင့် ၅၅ နှစ်အကြား ပြည်သူများနှင့် မသန့်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

မြေပုံ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဆေးထိုးစုရပ်(၇)ခုတွင် ယနေ့နံနက် ၉ နာရီက သတ်မှတ် ဆေးထိုးစုရပ်များ၌ အသက်၆၅နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ၊ အသက်၆၅နှစ်နှင့် ၅၅ နှစ်အကြား ပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovic ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။

ဆေးထိုးစုရပ်များ၌ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာသန်းထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးအထောက်အကူပြုပရဟိတအဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေး မှူးများတို့ပူးပေါင်း၍ Sinovic ရောဂါကာကွယ်တားဆီးရေးလမ်းညွှန်ချက်များနှင့်အညီ မြေပုံမြို့ နယ်ခန်းမ၊ င/မန်းရဲကျန်းမာရေးဌာနခွဲ၊ ကိုရင်ပြင်ကျန်းမာရေးဌာနခွဲ၊ ကျွန်းသာယာ ကျန်းမာရေးဌာနခွဲ၊ ရေခေါင်းချိန်ကျန်းမာရေးဌာနခွဲ၊ ကြာအင် တောင်ကျန်းမာရေး တိုက်နယ် ဆေးရုံနှင့် ရက်ချောင်း ကျန်းမာရေးဌာနခွဲတို့တွင် ကာကွယ်ဆေးထိုး သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovic ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း