ဒက္ခိဏသီရိ စက်တင်ဘာ ၁၉
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၁၈၅)ဦးကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)