လှိုင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လှိုင်   စက်တင်ဘာ ၁၉  ရက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ YUFC အားကစားကွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ဩဂုတ်လ(၁၆)ရက်နေ့နှင့် ဩဂုတ်လ(၁၇)ရက်နေ့တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင်.ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၉၉၉)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteerများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)