မတ္တရာ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သဘာဝဘေးကြောင့် သီးနှံထိခိုက် ပျက်စီးဆုံး ရှုံးခဲ့သည့် တောင်သူများအား အထောက်ပံ့ ငွေများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ကြေးပေးအပ်ရသည့် နှုန်းထားများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ တောင်ကန်ကျေးရွာ၊ တဲကုန်းကျေးရွာ၊ လမိုင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ စက်ထိပ်ကျေးရွာ၊ ဝန်စုကျေးရွာ၊ သရက်တောကျေးရွာ၊ ရှမ်းတောကျေးရွာ၊ ပန်းယျကျေးရွာနှင့် သဲကောကျေးရွာတို့မှတောင်သူ ၂၉၁ ဦး၏ သီးနှံ(၁၀၂၇)ဧက အတွက် ပျက်စီးဆုံးရှုံးမှုထောက်ပံ့ငွေ (၁၁၁၆၀၀၀၀)ကျပ်အား ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သီနှံပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)