ချင်းရွှေဟော် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၆)ဦး နှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၂၀)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၆)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၃၆)ဦးမှာ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၁၃) ဦးတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ(၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၅)ဦး၊ချင်းပြည် နယ်မှ(၂)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ(၁၇)ဦးတို့ ဖြစ်ကြကာ ၎င်းတို့အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၎င်း နေရပ်ပြန်ပြည်သူများမှ တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၉)ဦး တို့ သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အားချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ ၊အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ကုသရေးဦးစီးဌာနမှ ၎င်း တို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊ ပြည်သူ့ကျန်းမာ ရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေကောင်းမွန်ကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား (၈၀၃၈)ဦးနှင့် အမျိုးသမီး(၆၄၂၃)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၄၆၁)ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)