အရည်အသွေးပြည့်မီသော သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်

ဆီဆိုင်   ဩဂုတ်       ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဧက(၁၀၀) မျိုးစေ့ထုတ်မည့် တောင်သူများအား အရည်အသွေးပြည့်မီသော သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ် ခြင်း နည်းပညာသင်တန်းကို ယမန်နေ့ နံနက် နာရီက နောင်မွန်ကျေးရွာအုပ်စု၊ ဆမ်ဆိုင် ကျေးရွာရှိ ပရဟိတကျောင်း၌ သင်တန်း ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင်  ခရိုင်မျိုးစေ့တာဝန်ခံ ဦးဆွေတင်သန်း က သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းစနစ်များ၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးစေ့ရယူ စိုက်ပျိုးခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ မျိုးကွဲနှုတ်ပယ်ခြင်း၊ ရိတ်သိမ်း၊ နယ်လှေ့၊ အခြောက်ခံခြင်းနှင့် သိုလှောင်ခြင်း၊ မျိုးစေ့ထောက်ခံချက် ပေးခြင်းတို့ကိုလည်းကောင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးဌာန မှ ဒုတိယဦးစီးမှူး ဦးကျော်ထက်အောင် မှ စပါးတွင်ကျရောက်တတ်သော သီးနှံဖျက်ပိုးများနှင့် ရောဂါများကာကွယ်နှိမ်နင်းနည်း ကိုလည်းကောင်း၊ ခရိုင် ဦးစီးမှူးရုံးမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်နန်းဆိုင်အေး က မျိုးကွဲပယ်ခြင်း၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း နှင့် မျိုးစေ့အရည်အသွေး ကျဆင်းရခြင်းအကြောင်းအရာများကို လည်းကောင်း သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သင်တန်းသို့ ဒေသခံတောင်သူ ၂၅ ဦးနှင့် စိုက်ပျိုးရေးကွင်းဆင်းဝန်ထမ်း ၂၅ ဦးတို့ တက်ရောက်ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)