တကောင်းတိုက်နယ် ဖုန်ကုန်းကျေးရွာ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည်ထုတ်ချေး

                                                                   တကောင်း  ဩဂုတ်   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ တကောင်းတိုက်နယ်၊ ဖုန်ကုန်းရွာတွင် ယမန်နေ့ညနေပိုင်းက  မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်အဖြစ်  ပြန်လည်ထုတ်ချေးမှုများပြုလုပ်ခဲ့ရာ သပိတ်ကျင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ထုတ်‌‌ပေး ခဲ့ကြောင်း သိရသည်။           

အဆိုပါချေးငွေများထုတ်ချေးရာတွင် ဖုန်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးတောင်သူ (၁၆၂) ဦးအတွက် ကျပ် (၃၁၇၅၀၀၀၀) မွေးမြူရေး (၆၉) ဦးအတွက် ကျပ် (၁၀၄၅၀၀၀၀) ‌ရောင်းဝယ်ရေး (၁၄) ဦးအတွက် ကျပ်(၂၁၀၀၀၀၀) စုစုပေါင်းကျပ် (၄၄၃၀၀၀၀၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကိုကိုအောင် (တကောင်း)