ဟိုပုံး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန အစည်းအဝေးခမ်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက အသက်၆လမှ ၅နှစ်ကလေးငယ်များအား ဗီတာအေနှင့် သန်ချဆေးတိုက်ကျွေးပေးခြင်းနှင့် အသက် ၂ လ မှစ၍ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ် အရ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲ ကို ဆက်လက်ကျင်းပရာ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သူနာပြုအဆင့်(၁)ဒေါ်ထားထားရွှေက ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပညာပေးဟောပြောပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကလေးငယ်များအတွက် အဟာရအဖြစ် ကြက်ဥနှင့် ပဲနို့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)