မအီ၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ လူနာများ အသုံးပြုနိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များ အသီးသီးထံမှ လှူဒါန်းသော PPE ဝတ်စုံ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် BRAND ငှက်သိုက် အားဆေးများကို သဟာယကလူမှုကူညီရေးအသင်း(မအီ) ဒုတိယဉက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် စေတနာ့ဝန်ထမ်းများက ပြည်သူ့ဆေးရုံ(မအီ)သို့ ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြရာ မအီတိုက်နယ် ဆရာဝန် ဒေါက်တာမင်းနိုင်ကျော်က လက်ခံရယူခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းခြင်းကို စေတနာရှင်၊ အလှူရှင်များ၏ ကောင်းမှု ကုသိုလ်ဖြင့် မအီမြို့၊ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများ အသုံး ပြုနိုင်ရန်အတွက် PPE ဝတ်စုံ(၄၀)ထည်၊ လက်အိတ်(၄၀၀)ခု၊ Surgical Cap(ခေါင်းဆောင်း)(၂၀၀)ခုနှင့် သောက်ရေသန့်ကတ်များကို လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး ကာလအတွင်း ဆောင်ရွက်နေသော သဟာယကလူမှုကူညီရေးအသင်းနှင့်စေတနာ့ဝန်ထမ်းများ အသုံးပြုရန် အတွက် သောက်ရေသန့်ကတ်များကို လည်းကောင်း၊ ကိုဗစ်-၁၉ လူနာများ အသုံးပြုရန်အတွက် BRAND ငှက်သိုက် အားဆေး များနှင့် သောက်ရေသန့်ကတ်များကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ စေတနာရှင်၊ အလှူရှင်များ အသီး သီးထံမှ လှူဒါန်းမှုအပြင် ဒေါ်စန္ဒာထွန်း(ရန်ကုန်)မှ လှူဒါန်းခဲ့သော BRAND ငှက်သိုက် အားဆေးများနှင့် သောက်ရေသန့်ကတ်များအား ကိုဗစ်-၁၉ ကုသရေးစင် တာတွင် ဆေးကုသ မှုခံယူလျက်ရှိသော ကိုဗစ်-၁၉ လူနာများထံသို့ လူနာ(၁)ဦးလျင် BRAND ငှက်သိုက် အားဆေး(ပုလင်း ၆ လုံးပါ) ၁ ကတ်နှင့် သောက်ရေသန့်ကတ်(၂)ကတ်စီ ဒေါက်တာမင်းနိုင်ကျော် က လက်ဝယ်အရောက် ပေးအပ် လှူဒါန်းခဲ့ ကြောင်းနှင့် စေတနာ့ဝန်ထမ်းများအတွက် သောက်ရေသန့်ကတ်များကို သဟာယကလူမှု ကူညီရေးအသင်းမှ အသင်းဝင်များက ပေးအပ်ခဲ့ကြပြီး ကိုဗစ်-လူနာများအတွက် အဟာရဒါနအဖြစ် စားသောက်ဖွယ်ရာထမင်း၊ ဟင်းများကိုလည်း စနစ်တကျ ထုပ်ပိုး၍ လှူဒါန်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မင်းသိန်းထွန်း