တွံတေး၌ တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တွံတေး ဩဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (စာကြည့်တိုက် အသင်းဝင်များ)တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာဖေမြင့်ရေးသားသော “တန်ဖိုး ထားအပ်သော အရာများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ် ခဲ့သည်။

ရှေးဦးစွာ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးသက်ဦးက စာဖတ်ဝိုင်း ပြုလုပ်ပြီး အသိပညာဗဟုသုတများကိုအပြန်အလှန် ဆွေးနွေးခြင်း အားဖြင့် ဗဟုသုတရရှိရုံသာမက စာဖတ်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်ခြင်း၊ မိမိသိရှိလိုသည်များ ကို ပွင့်လင်းမြင်သာစွာ  မေးမြန်းနိုင်ကြောင်း၊ မိမိ ဖတ်မှတ်မိသမျှကို အချင်းချင်း မျှဝေခံစား နိုင်ကြောင်း ပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဦးသက်ဦးက တန်ဖိုးထားအပ်သောအရာများစာအုပ်ထဲမှ စာအုပ်တွင် စုစည်းထားသည် တို့မှ ကိုယ်တွေ့အသိ တစ်ဆင့်ခံအသိ တို့ဖြင့် စဉ်းစား ဆင်ခြင်မိခဲ့သည့် အရာတစ်ချို့ကို ရေးသားတင်ပြထားကြောင်း ဦးဆောင် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး၏ ဆွေးနွေးချက်အပေါ် တက်ရောက်လာကြသည့် စာပေချစ်သူ စာအုပ်စာပေ ဝါသနာရှင် ကိုထက်အောင်ရှိုင်းနှင့် မရီရီတင့် တို့က ပြန်လည်ဆွေးနွေးကာ သိရှိလိုသည့် မေးမြန်းချက်များကို စာပေချစ်သူ၊ စာအုပ်စာပေ ဝါသနာရှင်များကလည်း မိမိတို့ဖတ်မှတ်မိသမျှ ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးဖလှယ် ကြ ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)