ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်လား ဝမ်တာပင်း ပူးပေါင်းစစ်ဆေးဂိတ်ကို ယမန်နေ့မှစ၍ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံ - မိုင်းလား ဝမ်တာပင်းဂိတ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ယာယီပိတ်ထားခဲ့ရာ ဒေသနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် ယမနနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျိုင်းတုံ-မိုင်းလား ဝမ်တာပင်းဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး စက်တင်ဘာ ၁၀ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ခဲ့ပြီး စက်တင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)