ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာလအတွင်း ယာယီရပ်နားထားခဲ့သော ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ် ရပ်ကွက် နှင့် (ဃ)ရပ်ကွက်များသို့ ကွင်းဆင်း၍မျက်စိအားဆေးနှင့် သန်ချအားတိုးဆေးများကို အသက်(၆)လ မှ (၅)နှစ်အထိ ကလေး ငယ်များအား ကွင်းဆင်းတိုက်ကျွေးပေးလျက်ရှိကာ အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေးအတွက်စာရင်း ကောက်ယူလျက်ရှိသည်။
ထိုသို့မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)