လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက လှိုင်သာယာမြို့နယ်ခန်းမ တွင်ကျင်းပသည်။
အခမ်းအနားတွင် လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်းက အဖွင့်အမှာ စကားပြောကြားပြီး အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြံပြုပြောကြားပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ သူများက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၆၆၉၅ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၃၃၉၀၀၀၀၀ ကို ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄ စုတို့မှ တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ရပ်ကွက်/ကျေးရွာ အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)