ရွှေပြည်သာမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လှည့်လည်နှိုးဆော်

ရွှေပြည်သာ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ယမန်နေ့ နေ့လယ်အချိန်က  အသက် (၅၅)နှစ်နှင့် (၆၄)နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကိုလှည့်လည် နှိုးဆော်ကြေညာခဲ့သည်။

ထိုသို့လှည့်လည် နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ စီစဥ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးတစ်ကြိမ် တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရ‌သေးသည့် အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး မိမိတို့ရပ်ကွက်၊ ကျေးရွာများရှိအုပ်ချုပ် ရေးမှူးရုံး များတွင် လာရောက်စာရင်း ပေးသွင်းကြရန်၊  စာရင်းပေးသွင်းပြီးသူများအနေဖြင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် သွားရောက်၍သတ်မှတ်ထားသည့် နေ့ရက်များအလိုက် သတ်မှတ်အချိန် အတိုင်း ကာကွယ်ဆေးထိုးနှံ ကြရန်တို့ကို မော်တော်ယာဉ်အသံချဲ့စက်ဖြင့် လှည့်လည်‌နှိုးဆော် ကြေညာခဲ့ကြသည်။

အဆိုပါအသက်(၅၅)နှစ် နှင့်(၆၄)နှစ်အတွင်းပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံ နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ လူဦးရေစာရင်းအား ကောက်ယူလျက် ရှိပြီးစာရင်းရ ရှိမှုအတိုင်း အုပ်စုများခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)