ရွှေပြည်သာ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ည နေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့်ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကလမ်းမကြီးများ၊ လမ်းကြားများသို့ သွားရောက်၍ အသိပညာ ပေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေပြည်သာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာ ကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်း စည်း(Mask) မတပ်ဆင် ထားသော သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း(Mask)များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူများရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် စသည့်အချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker၊ အသံချဲ့စက်တို့ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြသည်။
ယခုအခါ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါးပိုးတွေ့ရှိသူ အတည်ပြုလူနာ (၄၇၉)ဦး၊ ကျန်းမာရေး ကောင်းမွန်၍ဆေးရုံမှ ဆင်းခွင့်ရသူ(၄၂၅)ဦးနှင့် ရောဂါဖြင့်သေဆုံးသူ (၅၄)ဦး ဖြစ်သည့် အတွက် ယခုလက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကင်းစင်လျက်ရှိပြီးကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက် ပျံ့ပွားမှုမဖြစ်စေရန်အတွက်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ် ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင် ဖြန့်ဝေပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူ ဇော်ခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)