အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူ များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဈေးများဌာနမှ ခရိုင်ဦးစီး အရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများနှင့် အတူ အနောက် ကြို့ကုန်းဈေးနှင့် ဘိုကုန်းဈေးများသို့ သွားရောက်၍ ဈေးရောင်း ချသူ ဈေးသည်များအား ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ၊ နှာခေါင်းစည်းများ တပ်ဆင် ထားခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသည့် ဈေးသည်များ အား ဈေးဌာနဝန်ထမ်း များမှ ဒဏ်ကြေး ပေးဆောင်စေခြင်းများဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)