လားရှိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာသို့ စက်တင်ဘာ(၁၅)ရက် နံနက် (၁၀)နာရီအချိန်က လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက ကိုဗစ် ကာကွယ်ရေးပစ္စည်းများလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာ၌ Surgical Mask(၆၅၀)ခု၊ ခေါင်းစွပ်(၁၀၀၀)ခု၊ Handsanitizer (၃၆)ဗူး၊PPE Level-2 (၇၅)စုံ၊ PPE Level-3 (၇၅)စုံ၊ဖိနပ်(၂၀)ရံ၊လက်အိတ်(၆၀၀)စုံ၊ မျက်မှန်(၅၀)ခုတို့အား အဆိုပါ ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် လားရှိုးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကပေးအပ်ခဲ့ရာ ကိုဗစ်-၁၉ ရန်ပုံငွေရှာဖွေရေး နှင့်ကြီးကြပ်ရေး အဖွဲ့မှ ဦးမြင့်ဇော်ထွန်း၊ ဒုတိယညွန်ကြားရေးမှူး၊ စီမံကိန်းဦးစီးဌာနနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။
လားရှိုးမြို့၌ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ် Pilot Project ဖြင့် ကိုဗစ်-၁၉ ရှိ/မရှိကို လားရှိုးမြို့ရှိ ဈေးများ၊ ရပ်ကွက်များနှင့်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိနေပါကြောင်း သိရှိရပါသည်။
ဟန်ဌေး