ပုံပါကျင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါး၊ နှမ်း၊ ပြောင်း စသည်တို့ကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုအခါတွင် ပုံပါကျင်မြို့ရှိ ဒေသခံပြည်သူများ၏ ပြောင်းစိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိသည်။
ပုံပါကျင်မြို့ရှိ ပြောင်းစိုက်ပျိုးသူများအနေဖြင့် အစေ့ထုတ်ပြောင်းမျိုးများကို ထိုင်းနိုင်ငံမှဝယ်ယူပြီး စတင်စိုက်ပျိုးချိန်မှ တစ်လအကြာတွင် ပေါင်းများရှင်းလင်းခြင်း၊ ပေါင်းသတ်ဆေးဖြန်းခြင်း များဆောင်ရွက်ကြပြီး စိုက်ပျိုးရေးနည်းလမ်းများနှင့်အညီ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
အဆိုပါအစေ့ထုတ်ပြောင်းအား ခူးဆွတ်ရိတ်သိမ်းနိုင်ရန် စတင်စိုက်ပျိုးချိန်မှ ရက် ၁၀၀ ကျော်ကြာ စောင့်ရပြီး ပြောင်းစိုက်ခင်း တစ်ဧကလျှင် ပြောင်းအိတ်(၆) အိတ်၊တစ်အိတ်လျှင် (၄၈)ကီလိုခန့် ထွက်ရှိကြောင်းနှင့် ပုံပါကျင်ဒေသထွက် အစေ့ထုတ်ပြောင်းများကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိရာ ပြောင်းတစ်အိတ်လျှင် ထိုင်းငွေဘတ် ၂၀၀ ကျော်ရရှိကြောင်း ယခုနှစ်တွင် ဈေးကောင်း ရရှိရန် မျှော်မှန်းလျက်ရှိကြောင်း အစေ့ထုတ်ပြောင်းစိုက် တောင်သူများထံကသိရသည်။
သတင်းပေးပို့သူ-သန္တာ(ပြန်ဆက်)