ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်ပမှ ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

ချင်းရွှေဟော်  စက်တင်ဘာ   ၁၅

ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နမ့်ဖာဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က Sodium Chloride Injection (၅၇၁၅) ဖာOxygen Plant စက် (၁)လုံး၊ Oximeter (၃၀၀)ဖာ၊ Oxygen ပြွန် (၂၀၀)ဖာ၊ MASK(၂၇၃၀)ဖာတို့အား မော်တော်ယာဉ် ()စီးဖြင့် တင်သွင်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ် () စီးအနက် ()စီးသည် နယ်စပ်ဂိတ်မှ ထွက်ခွာပြီး ချင်းရွှေဟော်မြို့ရှိ ဂိုဒေါင်များတွင် ပစ္စည်းချိန်း တင်ဆောင်မည်ဖြစ်သည်။ ကျန်ရှိသည့် ()စီးမှာ ကွမ်းလုံမြို့နယ် ဘက်သို့ ဆက်လက်မောင်းနှင် ထွက်ခွာခဲ့ပြီး ၎င်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်ရေး အတွက် တာဝန်ရှိဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကာ အခက်အခဲ မရှိစေရေးအတွက်  ကုန်သွယ်ရေးစခန်းများမှ တာဝန်ခံများထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

စည်သူမောင်မောင်