ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs (၈၀)ဧက စိုက်ပျိုးထုတ်လုပ်မှု စရိတ်များ ထောက်ပံ့ပေးအပ်

လဲချား   သြဂုတ်   ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs(၈၀)ဧက စိုက်ပျိုးမည့် တောင်သူ များအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေး အပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသန်းစိန်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs (၈၀)ဧက စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ငွေပေးအပ်ရခြင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs-Cs(၈၀) ဧက စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ ပေးရာတွင် တောင်သူ (၂၃)ဦးအတွက် ထောက်ပံ့ငွေ (၆၆)သိန်း(၈)သောင်းကျပ်ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)