မိုင်းပန် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ အခြေခံစားကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဒုတိယ အကြိမ် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ၊ လက်လုပ်လက်စားများ၊ မသန်စွမ်းသူများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်နေရာတို့မှ အိမ်ထောင်စု (၁၆၈) စုအတွက် အိမ်ထောင်စုတစ်စုလျှင်(၂ဝဝဝဝ)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၃၆ဝဝဝဝ) ကျပ်အား ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ဖြစ်သည့် ရွာသစ်ရပ်ကွက်၊ အရှေ့ရပ်ကွက်၊ အလယ် ရပ်ကွက်နှင့် အနောက်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၅ဝ) စုအားလည်းကောင်း၊ ကျေးရွာအုပ်စု များဖြစ်သည့် အရှေ့ကျေးရွာ၊ ဆားဝါး၊ နောင်ဟီး၊ နမ့်တိန်း၊ နားလော၊ ကုန်းကျိုင်း၊ ဝိုးလိုင်း၊ နှင့် နောင်လွန်းကျေးရွာ အုပ်စုများရှိအိမ်ထောင်စု (၁၁၈) စုတို့အားလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများက ဩဂုတ်လ (၁၄) ရက်နေ့တွင် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)