တောင်ကြီး ဩဂုတ် ၁၄
ရှမ်းပြည်နယ် အတွင်းဒေသခံ တောင်သူများ၏ စိုက်ပျိုးရေးခြံထွက် သီးနှံများဖြစ်သည့် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ အာလူး၊ ကြက်သွန်ဖြူတို့အား ပြည်သူများ စားဝတ်နေရေး အထောက် အကူဖြစ်စေရန်အတွက် သမဝါယမအသင်း အချင်းချင်း ချိတ်ဆက်၍ ပြည်နယ် သမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်တို့ အနေဖြင့် နေရာအနှံ့ ပို့ဆောင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေသထွက် စားသောက်ကုန်များကို သမဝါယမ အချင်းချင်း ချိတ်ဆက်ဖြန့်ဖြူး ရောင်းချရာတွင် ဩဂုတ်လ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမ အသင်းစုချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်သို့ အာလူး ပိဿာ ချိန် (၃၈၁၀)၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်သမဝါယမအသင်းစုသို့ အာလူးပိဿာချိန် (၄၀၀၀)၊ စုစုပေါင်းပိဿာချိန် (၇၈၁၀) အား တင်ပို့ခဲ့ပါသည်။ အဆိုပါဒေသထွက် စားသောက် ကုန်သီးနှံများ ဖြန့်ဖြူးရောင်းချရာတွင် သမဝါယမ အသင်းများ အကျိုးအမြတ် ရရှိရေးထက် အသင်းသားတောင်သူများ၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်တို့ အနေဖြင့် ယနေ့ အချိန်ထိ သမဝါယမ အချင်းချင်း ချိတ်ဆက်၍ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ သို့ အာလူး ပိဿာချိန် (၁၆၈၁၀)၊ ကြပ်သွန်ဖြူပိဿာချိန် (၃၀၃၀) အား သမဝါယမအချင်းချင်း ချိတ်ဆက်၍ ပေးပို့ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အခြားသော တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ အသင်းစုချုပ်များနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း ပြည်နယ်သမဝါယမ ဦးစီးဌာနမှသိရသည်။
စိုးညွန့်ရွှေ (ပြည်နယ်ပြန် /ဆက်)