သန်လျင် သြဂုတ် ၁၄
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ(၈)ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်း ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဆန္ဒမဲပေးပိုင်ခွင်ရှိသည့် မဲဆန္ဒရှင်များ၊ မဲစာရင်းမှန်ကန်မှုရှိစေရေး တို့အတွက် ယနေ့ နံနက်တွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်ပေးကြသည်၊၊
အဆိုပါမဲစာရင်းများ မှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးရာသို့ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦဂဇော်မင်းသန်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်၊၊ အလားတူ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မဲစာရင်းမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာ ရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သန်လျင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-) ကျပ်စီ ကို ပြည်သူများလက်ဝယ်အရောက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အိမ်ထောင်စု(၄၂၀၂၅)စုအတွက် (၁)အိမ်ထောင် တွင် ကျပ်(၂၀၀၀ဝိ/-)နှုန်း ဖြင့် ထောက်ပံ့ငွေကျပ်(၈၄၀၅၀၀၀၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်၊၊
သန်းဝင်း(သန်လျင်)