ဟိုပုံးမြို့နယ်၌ နံရံကပ်စာစောင်ပြပွဲ ၊ စာအုပ်ပြပွဲ ၊ ဟောပြောပွဲ နှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဟိုပုံး             ဩဂုတ်         ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကျောင်းသား/ သူများအား အသိပညာဗဟုသုတတိုးပွားလာစေရန် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက  ဆိုက်ခေါင် အ..က (ခွဲ)ကျောင်း နှင့် စမ်းစုတ် (..က)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲ ဟောပြောပွဲ နှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆိုက်ခေါင်အ..က(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်း နှင့် စမ်းစုတ် (..က)ကျောင်းမှ တာဝန်ခံဆရာမတစ်ဦး က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်နန်းခမ်းခြူးက ကိုဗစ်-၁၉ ရောဂါအသိပညာပေး သိကောင်းစရာများနှင့် ရာသီတုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း စာကြည့်တိုက် လက်ထောက်- ဒေါ်နွေးနွေးယုက စာဖတ်ခြင်း၏အကျိုးကျေးဇူးကို လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကိုဗစ်-၁၉ ရောဂါအသိပညာပေး ရာသီတုပ်ကွေးရောဂါအကြောင်းအသိပညာပေး ကလေးအလုပ်သမားပပျောက် ရေး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားဖို့ မိမိကစကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောင်းသားကျောင်းသူများ အသုံးပြုရန်အတွက် ရေမလိုလက်သန့်ဆေးရည်(၁) ဘူးနှင့် နှာခေါင်းစည်း (Mask)၅၀ ခုပါ ()ဘူး  အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

နန်းခမ်းခြူး(ဟိုပုံး)