လွိုင်လင် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက် သုခလမ်းအား ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာရေး အတွက် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၁၀၀)လုပ်အောက် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ခေါ်ယူကာ တင်ဒါအောင်သည့် U.S.B ကုမ္ပဏီများထံသို့ လုပ်ငန်းများ အပ်နှံခဲ့ကြောင်း ၊ သုခလမ်းတွင် အုတ်စီရေမြောင်းနှင့် ရေမြောင်းဖုံးလုပ်ငန်း အရှည်ပေ ၁၆၀၃ ၊ အနက် ၂ ပေ နှင့် အကျယ် ၃ ပေ ၆ လက်မကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ငန်းသည် ရာနှုန်းပြည်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)