လွိုင်လင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းလျှောက်ထားသူများအား(စတုတ္ထနေ့) ဆက်လက်စိစစ်

လွိုင်လင်            ဩဂုတ်      ၁၄

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် အတွင်း ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက  ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ၌ (စတုတ္ထနေ့) အဖြစ် စိစစ်ခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်လွှာများ စိစစ်ခြင်းကို လွိုင်လင်ခရိုင် အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  က္ကဋ္ဌ ဦးသန်းတင် အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်(၁၅)ဦးတို့က စိစစ်ဆောင်ရွက်လျက်ရှိသည်။

လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်များအတွက်  ပြည်သူ့လွှတ်တော် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်( ) နေရာများအတွက် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလျှောက်ထားသူ (၃၁)ဦးကို ဆက်လက်စိစစ်လျက်ရှိကြောင်း  ခရိုင်အထွေထွေရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)