မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား ပုဏ္ဏားကျွန်းမြို့၌ကျင်းပ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၁

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့ကို  အခြေခံမူ()ချက်ဖြင့်  ယနေ့ နံနက်()နာရီက   ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခမ်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်အနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း တက်ရောက် အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်ထံမှ ပေးပို့ သော သဝဏ်လွှာအား မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ  ဦးထွန်းစံလှက ဖတ်ကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ပုဏ္ဏားကျွန်း)မှ  ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ်  “ရှေးဦးပြုစုသူရဲကောင်းများ ကျောင်းနှင့်ရပ်ရွာမှာ မွေးထုတ်ထားဆောင်ပုဒ်နှင့်အညီ ရှေးဦးသူနာပြု စုခြင်းနည်းပညာစွမ်းရည် သရုပ်ပြခြင်းတို့ကို  လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး အောင်ကိုလင်း၊  ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးဝေသိန်းအောင်က တပ်ဖွဲ့၏ လုပ်ဆောင် ချက်များနှင့်အခက်အခဲများအား ရှင်းလင်းတင်ပြပေးခဲ့ကြောင်းသိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)