Clean and Green City ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်

ပင်လောင်း   စက်တင်ဘာ  ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ Clean And Green City ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အရှေ့ရပ်ကွက်အောင်မေတ္တာလမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

 

အရှည်ပေ ၄၅၀ပေရှိမြေသားလမ်းအား Clean And Green City ဖွံ့ဖြိုးရေး စီမံကိန်းအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် ပစ္စည်းများ၀ယ်ယူသုံးစွဲရန်အတွက် ခွင့်ပြုငွေ (.၁၇၅ )သန်း ခွဲဝေချ ထားပေးခဲ့ပြီး၊ ပြည်သူလူထုမှ လုပ်အားတန်ဖိုးအဖြစ်(.၁၇၅) သန်းထည့်၀င်၍ ယခင်မြေသားလမ်းအား အရှည် ၄၅၀ ပေ၊ အကျယ် ၁၅ ပေနှင့် အထူ လက်မ ရှိကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီမရွေး သွားလာရေး အဆင်ပြေချောမွေ့ပြီး များစွာ အကျိုးဖြစ်ထွန်းစေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရှိရသည်။

 

ထွန်းလင်း(ပင်လောင်း)