မိုင်းတုံမြို့၌ အောက်ဆီဂျင်အလုံး(၂၀)နှင့်ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်း

 

 

မိုင်းတုံ စက်တင်ဘာ ၁၁

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်လိုအပ် ချက်ဖြည့် ဆည်းပေးနိုင်ရေးအတွက်  (၄၀)လီတာ အောက်ဆီဂျင်အိုးအလုံး(၂၀)နှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ ညနေ(၄)နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမတွင် ပေးအပ် လှူဒါန်းခဲ့‌ ကြောင်း သိရသည်။

 

စစ်ဒေသ(၁၇၁) တပ်မဟာ(၇၇၈)မှ တပ်မဟာမှူး ဦးအားဖူနှင့်ဇနီးဒေါ်စိုးစိုးထွေးမိသားစု တို့၏ ကိုယ်စား ဦးအိုက်ပလိတ်မှ အောက်ဆီဂျင်အိုးအလုံး(၁)လုံးလျှင်(၃၀၀၀၀ဝိ)အလုံး(၂၀)တန်ဖိုး(၆၀၀၀၀၀ဝိ) ကျပ်နှင့် ဆက်စပ်ပစ္စည်းတစ်ခုလျှင် (၃၀၀၀ဝိ)ကျပ် (၂၀)ခု(၆၀၀၀၀ဝိ)ကျပ် စုစုပေါင်း(၆၆၀၀၀၀ဝိ) ကျပ်ကို ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန် ဒေါက်တာသက်ခိုင်မင်းမှလက်ခံရယူပြီး၊ ဂုဏ်ပြုလွှာပြန်လည်‌ပေးအပ်ခဲ့သည်။

 

 

ထို့နောက်  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက “ယခုလိုလှူဒါန်းပေးသည့်အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ကျွန်တော့ဆေးရုံမှာ ‌လှူဒါန်းရရှိတဲ့ အောက်ဆီဂျင်အလုံးစုစုပေါင်း(၄၀) ရှိပါတယ်။  အခုလိုလာရောက် လှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

           

 

ဝင်းဝင်းခိုင်