မြောက်ဥက္ကလာပ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုး၊ အဖွဲ့ဝင်(၁)ဦးရဲဆင့်၊ အဖွဲ့ဝင်(၂)ဒေါ်နုနုလွင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက (ဆ)ရပ်ကွက် သုခမိန်လမ်းမဘေး အားကစားကွင်းပြုလုပ်ရန် လျာထားနေရာအား ကြည်ရှုခြင်း၊ သုဓမ္မာလမ်းမကြီး တစ်လျှောက် လမ်းလယ် ကွန်ကရစ်တုံး များ အသစ်လဲလှယ်မှုကို ကြည့်ရှုခြင်း၊ မြောက်ဥက္ကလာပ တံတားလေးလမ်းဝ တံတား အောက်ခြေ ယာဉ်အန္တရာယ် ကင်းရှင်းရေး ကွန်ကရစ်တုံးများ ကာရံထားရှိမှု၊ (၂)ရပ်ကွက် ဇီဇဝါလမ်းမကြီး တစ်လျှောက် ကွန်ကရစ်ရေနုတ်မြောင်း ပြုလုပ် နေမှု၊ သုမာလာ(၈)လမ်း လမ်းခင်းရန် ပြင်ဆင် ထားရှိမှုနှင့် ဈ/ရတနာသိင်္ဂီဈေး တာဝန်ခံရုံး အသစ် တည်ဆောက် ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)