ချင်းရွှေဟော်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေဆောင်ရွက်

ချင်းရွှေဟော်  ဩဂုတ်  ၁၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့   မွန်းလွဲ() နာရီအချိန်က  ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းဗိုလ် ဉီးဆောင်သည့် အဖွဲ့က ချင်းရွှေဟော်မြို့လမ်းဆုံတွင် သွားလာမောင်းနှင်နေကြသော မော်တော်ဆိုင်ကယ်နှင့် မော်တော် ယာဉ်များ အား စနစ်တကျစည်းကမ်း ရှိစွာမောင်းနှင်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်း  နှင့် ယာဉ်မောင်းသူများ၊ ဆိုင်ကယ်မောင်းသူများ  လိုက်နာရမည့် စည်းကမ်း များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ  ပါဝင်သည့်  ၂၀၂၀ပြည့်နှစ်၊  မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်   အသိပညာပေး လက်ကမ်း စာစောင်(၁၅၀)စောင်ကို   အများပြည်သူများအား  အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)