မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပန် ဩဂုတ်  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုအတွင်း၌ မိုင်းပန်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နယ်လှည့်ဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးတို့ ပူးပေါင်း၍ ဩဂုတ်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေဇယား လုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားသစ် ပြုလုပ်ခြင်း၊ ပျောက်ဆုံး ပျက်စီးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် မိတ္တူပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားလဲလှယ်ခြင်းအပြင် အိမ်ထောင်စုဇယားဆိုင်ရာ လုပ်ငန်းဖြစ်သည့် မွေးတိုး၊ သေဆုံးပယ်ဖျက် လုပ်ငန်းများနှင့် အခြားလုပ်ငန်းများအား တာဝန်ရှိသူများမှ ကျေးရွာအရောက် ဝန်ဆောင်မှုပေးခဲ့ရာ ဝိုးလိုင်းကျေးရွာ အုပ်စုအတွင်းရှိ ဝမ်ထမ်ကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ()မိုင်ကျေးရွာများမှ အိမ်ထောင်စု (၂၄)စု နှင့် ဒေသခံပြည်သူ (၆၉) ဦးမှ လာရောက်၍ ဝန်ဆောင်မှု ရယူခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)