နေပြည်တော် ဩဂုတ် ၁၄
အာရှဖောင်ဒေးရှင်းမှ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း- ၂၀၂၀ ဒုတိယအကြိမ်မြောက် သုတေသန လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါတွေးဆုံဆွေးနွေးရာတွင် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ အာရှဖောင်ဒေးရှင်း စီမံကိန်းမန်နေဂျာ Ville Peltovuori ၊ အကြီးတန်း စီးပွားရေးပညာရှင် ဦးကျော်သူ၊ အစီအစဉ်ညွှန်ကြားရေးအရာရှိ ဒေါ်မရစ်ဂျာဒိမ် တို့တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် အာရှဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ Ville Peltovuori နှင့် အကြီးတန်း စီးပွားရေးပညာရှင် ဦးကျော်သူက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း- ၂၀၂၀ ဒုတိယ အကြိမ်မြောက် သုတေသန လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီဝင်များက တင်ပြချက်များအပေါ်ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)