မုဒုံ သြဂုတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ယနေ့နံနက်(၉)နာရီက သဘာဝဆိုးဆေး လက်သုတ်ပုဝါ (လက်ရက် ကန်း) ဖြင့် လက်တွေ့ လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု ရန်ပုံငွေအစီအစဉ်ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ပြင်ပမှနေရပ်ထံ ပြန်လာသူများ၊ အလုပ်အကိုင်ရှာဖွေနေသည့် ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများရရှိစေရန်နှင့် နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ကြောင်း မြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးဦးကျော်အောင်ကပြောသည်။
အဆိုပါသင်တန်းကို ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းနည်းပြ(၂)ဦးတို့က (၂၄) ရက်ကြာ လက်တွေ့သင်ကြား ပေးသွား မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀)ဦး ရှိကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)