ကျိုင်းလပ်မြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများတိုက်ကျွေး

ကျိုင်းလပ်        ဩဂုတ်       ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက် ကျန်းမာရေး ဦးစီးဌာနခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ၆ လမှ ၉ နှစ်အရွယ်ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်းကောင်း၊ အသက် ၂ နှစ်မှ ၉ နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေး ခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် သားဖွားဆရာမ ဒေါ်နန်းအိမ်နှင့် ဝန်ထမ်းများက ကလေးကြီးထွား ဖွံ့ဖြိုးမှုအတွက် မိမိတို့၏ ကလေးငယ်များအား အစာအဟာရ ပြည့်ဝစွာ ကျွေးမွေးရန် ပညာပေးဆွေးနွေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် ချိန်ပေးပြီး ကလေးငယ်များအား ဗီတာမင်(A)နှင့်  သန်ချဆေးများ တိုက်ကျွေးပေးခဲ့သည်။

ကျိုင်းလပ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကျန်ရှိနေသည့် ကလေးငယ်များ အား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေး နိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ် ကြောင်း နမ့်ငေါ့ကျေးလက်ကျန်းမာရေး ဦးစီးဌာနခွဲမှ သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)