လသာ သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင် နှင့် ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသိပညာပေးအကြောင်းအရာများ ဖြစ်သည့် ရပ်ကွက်များအလိုက် ကပ်ထား ကြေညာပေးသည့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုနိုင်ရေး နိုးဆော်ချက်များ၊ ပထမအကြိမ် ကြည့်ရှုရက်(၁၄)ရက်အပြင် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၇)ရက် ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင်စာရင်းကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူ များ ပါဝင်နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း အချက်အလက်များ မှားယွင်းနေ ပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လည်းကောင်း သိရှိနိုင်စေရန် ကြေညာချက်များကို ပြသဆောင်ရွက်ပေးခဲ့ ရာ ပြည်သူ များ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။
မေသူ (ပြန်/ဆက်)