အလုံ ဩဂုတ် ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ကြေညာ ထားရှိမှုများအား ယနေ့ မွန်းလွဲ ပိုင်း အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ ကြောင်း သိရှိရသည်။
အလုံမြို့နယ်တွင် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်ပြီး မဲဆန္ဒရှင်စာရင်းများ ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်စာရင်း ကြေညာ ထားမှုနှင့် မဲစာရင်းကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်မှု ရှိစေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်တို့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ပြီးလိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်တင်ချို