ဟိုပုံး စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စငေါကျေး ရွာအုပ်စု၊ ဟိုတိကျေးရွာရှိ လောကနာထဘုရား ဓမ္မာရုံတွင် သာသနာပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွှဲ (၁)နာရီခွဲအချိန်က အဆိုပါ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်မှ ကိုရင်လေး နယ်မြေအတွင်း ဟိုပုံးကိုရင်(ခ)ရှင်ပေါရိဿလေးပျံလွန်ပြီးနောက် ဆရာတော်၏ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ သာသနာပြုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် ဒေသကောင်းကျိုးနှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အစည်း အဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် ဆရာတော်များမှ အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည် များ မိန့်ကြားပေးနိုင်ပါရန် လျှောက်ထားရာ ကောင်းစေတီ ဆရာတော် ဘဒ္ဒန္တကဝိန္ဒမှ ကိုရင်လေး (ခ)ရှင်ပေါရိဿ ပျံလွန်တော်မူသွားသည့် နောက်ပိုင်းဆောင်ရွက်ဆဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆရာဒါကာ ညီညီညွတ်ညွတ်ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟွေးဟွမ်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒမှ မိန့်ကြားရာတွင် ကိုရင်လေးဖွဲ့စည်းထားသော ကုသိုလ်တော်အဖွဲ့အား ဆက်လက်တည်တံ့အောင် ထိန်းသိမ်းသွား ရန်နှင့်သာသနာ ပြုလုပ်ငန်းများဖြစ်သည့် လက်ရှိစေတီပုထိုးများ၊ ထမ်းဆမ်းဂူသို့ ယခင်ကိုရင်လေး ရှိစဉ်သကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်မိန့်ကြားပြီး လွယ်အိုင်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တရာဇဂုရုမှ ကိုရင်လေး(ခ)ရှင်ပေါရိဿရှိစဉ်အခါက ဖွဲ့စည်းထားသော မေတ္တာခမ်းတန်အဖွဲ့၊ ရွှေတိဂုံဘုရား၊ ထမ်းဆမ်းဂူ အပါအဝင် စေတီပုထိုးများအား လုံခြုံရေးအရ တာဝန်ပေးအပ်ထား သည့် သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ကိုရင်လေး(ခ)ရှင်ပေါရိဿရှိစဉ်အခါအတိုင်း ဆက်လက် စောင့် ရှောက်သွားစေလိုကြောင်း၊ နောင်ခါးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂမှ ကိုရင်လေး (ခ)ရှင်ပေါရိဿ၏ တာဝန်များအား ကိုရင်လေး၏ ဥုပစ္ဇျာယ် ဆရာတော်ဖြစ် ပြီးသက်တော် ဝါတော်အားဖြင့် ကြီးသည့် ကောင်းစေတီ ဆရာတော်မှ ဦးဆောင်၍ ဆက်လက်ဆောင်ရွက်ပေး နိုင်ပါရန် တို့ကိုမိန့်ကြားသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်မှ တင်ပြ လျှောက်ထားရာတွင် မေတ္တာခမ်းတန်သာသနာအုပ်ချုပ်သည့် ကျောင်းထိုင် ဆရာတော်များမှ ကောင်းစေတီဆရာတော် ဘဒ္ဒန္တကဝိန္ဒအား ဥက္ကဋ္ဌ အဖြစ် ဖွဲ့စည်းသင့်ကြောင်းနှင့် ကျန်ဆရာတော်များဖြစ်သော ရာဇဂုရုအား ဝါအရ အတွင်းရေးမှူးအဖြစ် ဖွဲ့စည့်သင့်ကြောင်းနှင့် လွယ်အိုင် ဆရာတော် ဘဒ္ဒန္တ ရာဇရုအား ဝါအရ အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းသင့်ကြောင်း၊ ကျန်ဆရာတော် များဖြစ်သော နောင်ခါးကျောင်းဆရာတော် ဘဒ္ဒန္တ ဝိလာသဂ္ဂ၊ ဟွေးဟွမ်းကျေုာင်း ဆရာတော် ဘဒ္ဒန္တ သုနန္ဒနှင့် ပချားကလိုကျောင်းဆရာတော် ဘဒ္ဒန္တက ကဝိဓဇတို့အား အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းသင့်ပါကြောင်း၊ ကိုရင်လေးပျံလွန်တော်မူပြီးနောက်ပိုင်း ကိုရင်လေး ကျောင်း၌ ကျောင်းထိုင် (သို့မဟုတ်) တာဝန်ခံသံဃာတစ်ပါးအား ဆရာတော်များ၏ သဘော ဆန္ဒဖြင့် တာဝန်ပေးအပ် စေလိုပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဦးစားပေး အလိုက်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီးပွားရေးရာဝန်ကြီးတို့အား အကူအညီတောင်းခံနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စည်းကမ်းလိုက်နာနိုင်ရေး ဆရာတော်များအား မိန့်ကြားပေးစေလိုကြောင်း လျှောက်ထားသည်။
ထို့နောက် ကောင်းစေတီဆရာတော် ဘဒ္ဒတကဝိန္ဒမှ မိန်းကြားရာတွင် ထမ်းဆမ်းဂူနှင့် ရွှေတိဂုံစေတော် အား တာဝန်ခံရန် ဖွဲ့စည်းတာဝန် ပေးအပ်သွားမည့် အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စည်းကမ်း လိုက်နာသွားရန်မိန့်ကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ လောကနာထဘုရားရှိ ရေကန်၊ ပဒေသာ ရေကန်တို့ကို ရေသွယ်တန်းနိုင်ရေး ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ ကိုလျှောက်ထားသည်။
ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ ဆွေးနွေးရာတွင် မေတ္တာခမ်းတန် သာသနာ အုပ်ချုပ်သည့် ကျောင်းထိုင်ဆရာတော်ငါးဦးအဖွဲ့အား တရားဝင်စာဖြင့် တင်ပြပေးရန်နှင့် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်းလျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ကောင်းစေတီကျောင်း ဘဒ္ဒန္တကဝိန္တ၊ လုံခုတ်ကျေးရွာအုပ်စု၊ နောင်ခါးကျောင်း ဘဒ္ဒန္တဝိလာသဂ္ဂ၊ လွိုင်လင်မြို့နယ်၊ ဟွေးဟွမ်းကျောင်း ဘဒ္ဒန္တ သုနန္ဒ၊ ပင်လောင်းမြို့နယ်၊ လွယ်အိုင်လုမ်းမွေးကျောင်း ဘဒ္ဒန္တရာဇဂုရု၊ ဆီဆိုင်မြို့နယ်၊ ပချားကလိုကျောင်း ဘဒ္ဒန္တကဝိဓဇ၊ အရှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးအရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲ မှူးကြီး မြင့်ကျော်၊ ရပ်မိရပ်ဖများ၊ PNO မှ တာဝန်ရှိသူများ၊ ပေါင်လင်း၊ ပင်လောင်း၊ နမ့်ပေါ်ဟွန်း နှင့် ကုန်းသာ ကျေးရွာမှ ပြည်သူ့စစ်များသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)