ပန်းဘဲတန်း ဩဂုတ် ၁၄
ပန်းဘဲတန်းမြို့နယ်တွင် တောင်သာမြို့နယ်မှထွက်ရှိသော ဒေသထွက်ဖြစ်သည့် ကြက်သွန်နီများကို မြို့နယ် သမဝါယမဦးစီးဌာနမှ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ တောင်သာမြို့နယ် ဒေသထွက်ကြက်သွန်နီများကို မြို့နယ်အတွင်းရှိပြည်သူများ ဈေးနှုန်းသက်သာစွာ ဖြင့် စားသုံးနိုင်ရေးရည်ရွယ်၍ ရောင်းချခြင်းဖြစ်ကြောင်း၊ ပြင်ပထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသုံး နိုင်ရန် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၆၀ဝိ/-)နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)