မရမ်းကုန်းမြို့နယ် ပြည်သူများရှိရာ နေအိမ်များ၊ စျေးများသို့ မဲစာရင်း လိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်

မရမ်းကုန်း သြဂုတ် ၁၄

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအား မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး မရမ်းကုန်းမြို့နယ်အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်များ၊ စျေးများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါမြေပြင် ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်များနှင့်နှင့် တာဝန်ရှိသူများက ရပ်ကွက်တွင်း နေထိုင်သူများအနေဖြင့်  မဲစာရင်းများ၌ မိမိအမည် မပါဝင် ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ - ၄ ဖြင့်ကန့်ကွက် ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ တို့ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို  ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)