ကွမ်းခြံကုန်း ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Mobile Tablet အသုံးပြု၍ ကျန်းမာရေး ကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချမှုကို မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအစည်းအဝေးခန်းမတွင် ယခုလ (၁၀) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူက သင်ကြားပို့ချ ပေးမည့် အကြောင်းအရာ များ၊ သင်ကြားလေ့လာရမည့်အချိန်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ(၁၀)ရက်နေ့မှ (၁၄)ရက် နေ့အထိ သင်တန်းဆရာ ကျန်းမာရေးမှူး အဆင့်(၁)ဦးနိုင်လင်းဦးနှင့် တာဝန်ခံဆရာ၊ ဆရာမများက သင်ကြား ပို့ချပေးသွားမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းကြီးကြပ်(၂)ဆရာ၊ ဆရာမ(၂၇)ဦး တက်ရောက် လေ့လာ သင်ယူလျက်ရှိကြောင်း သိရသည်။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းကြီးကြပ်(၂)များအား လုပ်ငန်းခွင် စွမ်းရည် တိုးတက် မြင့်မားလာစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ အား စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)