ကျောက်တံတား သြဂုတ် ၁၄
ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် သြဂုတ်လ(၁၃)ရက်နေ့နေ့လယ်(၁၂း၃၀)နာရီက လွှတ်တော်ကိုယ်စားလှယ်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့လမ်းသာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းတာဝန်ခံ များ တွေ့ဆုံကာ ကျောက်တံတားမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် " မြို့လမ်းသာစီမံကိန်း"လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် "မြို့လမ်းသာစီမံကိန်း "ဆောင်ရွက်မည့်အစီအစဥ်နှင့် ပတ်သက်၍ အစိုးရနှင့်ဆက်သွယ်ညှိနှိုင်းဆက်ဆံရေးအရာရှိ ဒေါ်မိုးမိုးလွင်က စီမံကိန်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် တွင် ပန်းဆိုးတန်းလမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ပန်းဆိုးတန်း ဆိပ်ကမ်းထိ)ကို နိုင်ငံတကာအဆင့်မီ လမ်းမကြီးအဖြစ် UK AID ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အစီအစဥ်အားရှင်းလင်းပြောကြားခဲ့ရာတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊နှင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ