ရန်ကုန် သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင် မြို့နယ် တွင်ကိုဗစ်-၁၉ဖြစ်ပွားနေစဥ်ကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအားထောက်ပံ့ပေးလျက်ရှိရာနိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအားပြည်သူများ လက်ဝယ် ရောက် ပေးအပ်နိုင်ရေး အတွက် ထောက်ပံ့ငွေများအား မြို့နယ်အ တွင်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူး များ ရပ်ကွက်စာရေးများကသက် ဆိုင် ရာရပ်ကွက်အသီးသီး၌ အိမ် တိုင်ရာရောက်လိုက်လံပေးအပ် ခဲ့ကြ ပါသည်။ ယခုကဲ့သို့နိုင်ငံတော် အစိုး ရကထောက်ပံငွေများပေးအပ်ခဲ့ရာတွင်ယခုအခါ တတိယအကြိမ် မြောက်ဖြစ်ကြောင်း အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀ိ/)ကျပ် နှုန်းဖြင့် လှိုင်မြို့နယ် အတွင်း ရပ်ကွက်(၁၆) ရပ်ကွက်ရှိ အိမ်ထောင်စု(ငါးထောင့်ကိုးရာကိုးဆယ်)အတွက် ထောက်ပံ့ကြေးငွေ သိန်းပေါင်း (၁၁၉၀)တိတိအား ယမန်နေ့ကစ၍ စတင်ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း မြို့နယ်ထွေအုပ်မှ သတင်း ရရှိပါ သည်။
ကြည်ဇေသော် (ပြန်/ဆက်)