ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အမျိုးအစားကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး

ဗန်းမော်     စက်တင်ဘာ     ၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sinopharm )ကို ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm ) အမျိုးအစားကို ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးခြင်းကို ဗန်းမော်မြို့  မြို့တော်ခန်းမ၌ နေ့စဉ် နံနက်  ၉  နာရီမှ ညနေ  ၄  နာရီအထိ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ  ၃  ရက်နေ့အထိ စုစုပေါင်း( ၂၀၈၇)ဦးကို ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို သတ်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရှိရသည်။          

ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေး  ဆရာ ဆရာမများ၊    လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာန၏    လမ်းညွှန် ချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

မြသက်