လင်းခေးခရိုင်၌၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းအမည်တင်သွင်းလွှာများ စတုတ္ထနေ့စစ်ဆေး

လင်းခေး   ဩဂုတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် လင်းခေးခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်း လွှာ များ စိစစ်ခြင်းကိုလင်း‌ခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ စတုတ္ထနေ့အဖြစ် စိစစ်ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စစ်ဆေးခြင်းကို လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ၁၅ ဦးတို့က လွှတ်တော်ကိုယ်စားလှယ် လောင်း အမည် တင်သွင်းလွှာ တင်သွင်းသူ  ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအား အမည်စာရင်း တင်သွင်းလွှာတွင် ဖော်ပြထားသောအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်များ၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက် တစ်စပ်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော် ရွေးကောက်ပွဲ၊ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ခံပိုင်ခွင့် အရည်အချင်း များကိုက်ညီမှုရှိ/မရှိ စိစစ်ခဲ့သည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်းကို သြဂုတ်လ ၁၁ ရက်နေ့မှ စတင် စိစစ်ခဲ့ပြီး ယနေ့စတုတ္ထ နေ့အထိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် တင်သွင်းသူ လင်းခေး မြို့နယ်မှ (၁၆)ဦး၊ မိုးနဲမြို့နယ်မှ (၁၅)ဦး၊မောက်မယ်မြို့နယ်မှ()ဦးနှင့် မိုင်းပန်မြို့နယ်မှ ()ဦး စုစုပေါင်း(၄၃)ဦးတို့ကို စိစစ်ခဲ့ပြီး ကျန်ရှိသည့် ကိုယ်စားလှယ်(၁၉)ဦး အား ဩဂုတ်လ (၁၅၊၁၆) ရက် နေ့များတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

နန်းမိုခမ်း