ညောင်ဦး စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် ကျန်းမာရေးသုံးအကာကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြ သည့် Volunteer အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးပို့လှူဒါန်းသည့် PPE Level-3 ၊ N 95 Mask, Surgical Mask , Hand Gel၊ ရာဘာ Glove ပိုးသတ်ဆေးရည်၊ ဆေးဖြန်းပုံး၊ Face Sheild၊ Hand Speaker၊ Vitamin-C ကတ်များ၊ Enervon-C ဆေးကတ်များ၊ လည်ရှည်ဖိနပ်များ၊ ကြက်ဥအလုံး ၁၀၀ရာစီနှင့် လူမှုအကျိုးပြုပရဟိတအသင်းတစ်သင်းလျှင် တစ်သိန်းကျပ်စီတို့အား ညောင်ဦးမြို့၊ ပုဂံမြို့၊ ငါ့သရောက်မြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာလူမှုအကျိုးပြုပရဟိတအသင်းများ၊ နာရေးကူညီမှုအသင်းများမှ Volunteer များအား ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္က#FX ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်၊ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်တို့က ကာကွယ်ရေးသုံးပစ္စည်းများအားပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD