ရသေ့တောင်မြို့နယ်၌ တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် အငူမော်-ဘူးသီးတောင် ကျေးရွာချင်းဆက်ကျောက်ချောလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်

 

ရသေ့တောင်    စက်တင်ဘာ   ၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့သည့် အငူမော်-ဘူးသီးတောင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းပိုင်းအား ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့် လမ်းပိုင်းမှာ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဘူးသီးတောင် မြို့နယ်သို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ကျောက်ချောလမ်းဖြစ်ပြီး  ဩဂုတ် ၈ ရက်နေ့က မိုးအဆက် မပြတ်ရွားသွန်းခဲ့ပြီး တောင်ကျရေတိုက်စားမှုကြောင့် အထက်နန်းရာကျေးရွာ တံတား(၈)အနီး လမ်းဘေး အရှည် ၇၀ ပေ၊ အနက် ၁၁ ပေခန့်လမ်းပဲ့ပျက်စီးခဲ့သည်။

ယခုအခါ ရသေ့တောင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အများပြည်သူသွားလာရာတွင် အဆင်ပြေ စေရေးအတွက် ပျက်းစီးသွားသည့် ကျောက်ချောလမ်းပိုင်းအား ပြုပြင်ဆောင်ရွက် လျက်ရှိရာ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အောင်စံထွန်း